Wednesday, May 2, 2012
Sunday, April 29, 2012
Friday, April 13, 2012
ခိုင်မြဲမယ့် လက်များ


CGTI FAMILY MEMBERS ( SINGAPORE ) အနေနဲ့ အခုလို မိခင်ကျောင်းတော်ကြီးနဲ့ ပညာရင်နို့သောက်စို့ဆဲ ညီငယ် ညီမငယ်များ ၊ အတတ်ပညာများကို သင်ကြားပေးလိုက်တဲ့ ဆရာ ဆရာမများအပေါ်မှာ ထားရှိတဲ့ စေတနာ ကိုကျေးဇူးတင်ဝမ်းမြောက်စွာကြိုဆိုပါတယ် ။
ချောက်ဂျီတီအိုင် မိသားစု ( စင်ကာပူ ) အနေနဲ့ ကျောင်းတော်ကြီးရဲ့ကောင်းကျိုး..အသက် ( ၆၀ ) နှစ်နှင့်အထက် ပင်စင်စား ဆရာကြီးဆရာမကြီးများအားနှစ်စဉ်ပူဇော်ကန်တော့ပွဲအတွက် အလှူငွေပေးပို့ခြင်း..အသက် (၆၀) မပြည့်သေးသော်လည်း လက်ရှိ ကျောင်းတော်ကြီးမှာ တာဝန်ထမ်းဆောင်ဆဲ ဆရာ..ဆရာမများအား ပူဇော်ကန်တော့ငွေပေးပို့လှူဒါန်းခြင်း..မိသားစုဝင်အချင်းချင်း ချစ်ခင်ရင်းနှီးမှူ ရရှိနိုင်စေရန်..အခါအားလျော်စွာ ACTIVITY များ ပြုလုပ်ခြင်း ။ ဥပမာ.. သင်္ကြန် ၊ ကထိန်ပွဲ ၊ မိသားစုညစာစားပွဲ ၊၀ါဆိုသင်္ကန်းကပ်လှူပွဲ ..စသည်တို့ကိုလည်းသိရှိကြပြီးဖြစ်ကြပါလိမ့်မယ် ။
ကျောင်းတော်ကြီးနဲ့ ဆရာ ဆရာမများ ၊ ပညာရင်နို့သောက်စို့ဆဲ ညီငယ် ညီမငယ်များအတွက် အဓိကထားပြီး ကိုယ်အား ဥာဏ်အား ရှိသရွေ့ အားသွန်ခွန်စိုက်ဆောင်ရွက်နေကြသော်လည်းယခုလက်ရှိအနေအထား အတိုင်းအတာထက် ပိုမိုအောင်မြင်ပြီးခရီးရောက်ဖို့ဆိုရာမှာ မိသားစုဝင်များအနေနဲ့ ယခုထက် ပိုမိုပူးပေါင်းပါဝင်ဖို့လိုအပ်ပါတယ် ။
နိုင်ငံရပ်ခြားမှာအလုပ်လုပ်ကိုင်နေကြတဲ့ နောင်တော် အစ်မတော် များအနေနဲ့ လက်ရှိ ကျောင်းတော်ကြီးမှာ ပညာရင်နို့သောက်စို့ဆဲညီငယ် ညီမငယ်အတွက် မိမိတို့ရဲ့ လုပ်ငန်းခွင်အတွေ့အကြုံများကို တဆင့်ပြန်လည်မျှဝေပြီး ပညာဒါနပြုခြင်းဟာလည်း အင်မတန်မွန်မြတ်တဲ့ ဒါနတစ်ခုပါဘဲ ၊
ဒီလိုထူးမြတ်တဲ့ လူတကာပြုလုပ်နိုင်ခဲတဲ့ ပညာဒါနအလှူတစ်ခုကို ၊ ချောက် ဂျီတီအိုင်မိသားစု (စင်ကာပူ ) မှ ကိုဝင်းနိုင် ( ၈၄-အမ်တီ ) က ၊ ၂၀၁၁ ဇူလိုင်လ အတွင်းမှာ ကျောင်းတော်ကြီးကိုအရောက်ပြန်ပြီး CGTI family ( singapore ) ရဲ့ပံ့ပိုးကူညီမှူနဲ့ အောင်မြင်စွာပြုလုပ်နိုင်ခဲ့တာကို ချောက်ဂျီတီအိုင် ၀က်ဘ်ဆိုဒ် မှာ ဗွီဒီယိုမှတ်တမ်းများနဲ့အတူ ၊ သူ့ရဲ့ကိုယ်တိုင်ရေးဆောင်းပါး ( ထာဝရမှ..အမှတ်တရသို့ ) ကို ဖတ်ရှူ ၊ကြည့်ခြင်းဖြင့်သိနိုင်သလို ..ကျနော်တို့ချောက်ဂျီတီအိုင်မိသားစု (စင်ကာပူ ) သည် အလှူငွေကောက်ခံရန်အတွက်သာ သမားရိုးကျ အစည်းအဝေးများဖြင့်အချိန်ကုန်နေကြသည်ဆိုပါလျှင်....
.....ကျနော်တို့အားလုံးသိကြပြီးဖြစ်သည့် သူငယ်တန်းဖတ်စာထဲက စာတစ်ပုဒ်ထဲကလို..
ဇွန်ပန်းရုံအနီး...
နွံထဲ၌လှည်းဘီးကျွံနေသည်..
လေးလွန်း၍မတွန်းနိုင်ဘူးလား..
ကူ၍တွန်းပေးကြပါ..
ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါသည်...
ဆိုသလို..ကျနော်တို့တစ်တွေ..စုပေါင်းအားနဲ့....စုပေါင်းအကြံဥာဏ်နဲ့..တက်ညီလက်ညီ ၀ိုင်းဝန်းပူးပေါင်းကြိုးပမ်းလိုက်ကြမယ်ဆိုရင်..
ဒါးသွေးကျောက်ကြီးနဲ့တူတဲ့..တစ်ကျောင်းတည်းသောမိခင်ကျောင်းတော်ကြီးကတောင်မှ..အရည်အသွေးပြောင်လက်
ထက်မြက်တဲ့ဒါးပေါင်းများစွာကိုယနေ့ထက်တိုင်သွေးပေးနေဆဲ..မွေးထုတ်ပေးနိုင်ဆဲပါ..
မိဘနှစ်ပါးက သားသမီးမြောက်များစွာကို ကျွေးမွေးထားနိုင်ပေမယ့်..သားသမီးမြောက်များစွာက.
.မိဘနှစ်ပါးကိုပြန်လည်ကျွေးမွေးနိုင်ခဲပါတယ်တဲ့..
အဲသည်လိုပါဘဲ..
မိခင်ကျောင်းတော်ကြီးက ကျနော်တို့ သားသမီးမြောက်များစွာရဲ့အပေါ်မှာ..တာဝန်ကျေခဲ့ပါပြီ..
..တာဝန်ကျေနေဆဲပါ..ကျနော်တို့ဘက်က..ကျနော်တို့အလှည့်ကျ...ကျနော်တို့ရဲ့တာဝန်ကျေပွန်ကြဖို့ဆိုရင်..
ကျနော်တို့အားလုံး....ဒီထက်ပိုပြီး...တွဲမယ့်လက်တွေကို..ကမ်းလင့်ပါတယ်..
တွဲတဲ့လက်တွေ မြဲချင်ပါတယ်..
တွဲမယ့်လက်များ..တွဲတဲ့လက်များ..ထာဝရ မြဲချင်ပါတယ်...။
နေကိုဦး ( ကြံခင်း )
Thursday, March 22, 2012
လက်ရှိ တာဝန်ထမ်းဆောင်ဆဲ ဆရာ ဆရာမ များသို့ ဒုတိယအကြိမ်မြောက်ကန်တော့ခြင်း နှင့် ဆရာများဧ။် ရင်တွင်းစကား
CGTI family (Singapore) မှ ချောက်ဂျီတီအိုင်မှ ဆရာဆရာမ များ( လက်ရှိတာဝန်ထမ်းဆောင်ဆဲ) အား ကန်တော့ခြင်း ဒုတိယ အကြိမ်မြောက် အစီအစဉ် ( ၂၀၁၂ ဖေဖော်ဝါရီ ) တွင်
၁) ဦးဖိုးချော (MT)၂) ဦးမြင့်လွင် (MT)၃) ဦးတင်အုံး (MP)၄) ဦးမောင်သန်း (MP)၅) ဦးဝင်းရွှေ ( Demonstrator - MP)၆) ဦးခင်မောင်သန်း (Demonstrator - EP) ၇) ဒေါ်ဝါ၀ါခိုင် (Academic Dept.) စသည့် ဆရာ ဆရာမ ၇ ဦး ကို တစ်ဦးလျှင် တစ်သိန်းကျပ် စီ ကန်တော့ခဲ့ကြပါသည်။ အကန်တော့ခံ ဆရာ ဆရာမ များမှ ကျောင်းသူကျောင်းသားဟောင်းများအတွက် အမှတ်တရ စာများ ရေးသားပေးပို့လာသည် ကိုဖော်ပြလိုက်ရပါသည် ။ ဆရာများ ဧ။် ရင်တွင်းစကား
၁) ဦးဖိုးချော (MT)၂) ဦးမြင့်လွင် (MT)၃) ဦးတင်အုံး (MP)၄) ဦးမောင်သန်း (MP)၅) ဦးဝင်းရွှေ ( Demonstrator - MP)၆) ဦးခင်မောင်သန်း (Demonstrator - EP) ၇) ဒေါ်ဝါ၀ါခိုင် (Academic Dept.) စသည့် ဆရာ ဆရာမ ၇ ဦး ကို တစ်ဦးလျှင် တစ်သိန်းကျပ် စီ ကန်တော့ခဲ့ကြပါသည်။ အကန်တော့ခံ ဆရာ ဆရာမ များမှ ကျောင်းသူကျောင်းသားဟောင်းများအတွက် အမှတ်တရ စာများ ရေးသားပေးပို့လာသည် ကိုဖော်ပြလိုက်ရပါသည် ။ ဆရာများ ဧ။် ရင်တွင်းစကား
Thursday, March 8, 2012
Subscribe to:
Posts (Atom)
